သတင်းများ

အမျိုးသမီးများ၏ မြေယာပိုင်ဆိုင်မှုကို ခြိမ်းခြောက်နေသော မြန်မာ့လယ်ယာမြေ ဥပဒေ (Coconuts Yangon)

အမျိုးသမီးများ၏ မြေယာပိုင်ဆိုင်မှုကို ခြိမ်းခြောက်နေသော မြန်မာ့လယ်ယာမြေ ဥပဒေ (Coconuts Yangon)

မြေယာနှင့် ကျား၊မတန်းတူညီမျှရေးစီမံကိန်း၏ ကဏ္ဍတစ်ခုအနေဖြစ်၊ မြေယာမဏ္ဍိုင်အဖွဲ့သည် အမျိုးသမီးများ၏ မြေယာပိုင်ဆိုင်ခွင့် အခွင့်အရေးအပေါ်သက်ရောက်လျက်ရှိသော လယ်ယာမြေဥပဒေ၏ အကျိုးဆက်များကို လေ့လာရန် မူဝါဒအကျဉ်းချုပ်ကို ထုတ်ဝေခဲ့ပါသည်။ ယင်းအကျဉ်းချုပ်စာစောင်ကို ဤဝက်ဆိုဒ်၏ “Resources” အောက်တွင် ရယူနိုင်ပါသည်။ အဆိုပါ မူဝါဒအကျဉ်းချုပ်အား ခြုံငုံရေးသားထားသော ဆောင်းပါးကို Coconuts Yangon တွင် တင်ထားခဲ့ပြီး အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://coconuts.co/…/myanmar-farmland-law-threatens-women…/

လယ်ယာမြေဥပဒေ (၂၀၁၂) အရ မြေယာပိုင်ဆိုင်မှု တရားဝင်ဖြစ်ရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများသည် Trócaire နှင့် မြေယာမဏ္ဍိုင်အဖွဲ့တို့ အသစ်ထုတ်ဝေသော မူဝါဒအကျဉ်းချုပ်အရ အမျိုးသမီးများသည် ရိုးရာဓလေ့ထုံးတမ်းအရသော်လည်းကောင်း၊ ဒေသအခြေပြု မြေယာပိုင်ဆိုင်မှုစနစ်အရ သော်လည်းကောင်း အမျိုးသားများထက် ကြီးမားသော အားနည်းချက်များကို ဖြစ်ပေါ်စေခဲ့ပါသည်။ အဆိုပါ အကျဉ်းချုပ်စာစဉ်သည် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တဝိုက်ရှိ လူထုများအား သုတေသနပြုလုပ်ချက်မှ မှီငြမ်းထားခြင်းဖြစ်သည်။

လယ်ယာမြေဥပဒေအား မပြဌာန်းမှီအချိန်က၊ မိမိတို့လေ့လာထားသော နေရာဒေသအပါအဝင် စုစုပေါင်း ဒေသ (၇) ခုရှိ ပြည်သူများ၏မြေယာပိုင်ဆိုင်မှုသည် ကျား၊မရေးရာတွင် မမူတည်ဘဲ၊ ကလေးမွေးဖွားမှု အစဉ်လိုက်ပေါ်မူတည်ကာ မိဘများမှ သား/သမီးများအား မြေယာပိုင်ဆိုင်ခွင့် လွှဲပြောင်းပေးလေ့ရှိပါသည်။ အိမ်ထောင်ပြုသွားသော သား/သမီးများ၏မြေယာပိုင်ဆိုင်ခွင့်အမွေကို မိဘများက ခွဲဝေပေးပြီး၊ အဆိုပါ မြေယာ ရောင်း/ဝယ်ခွင့်ကိုမူ ကျား၊မ မခွဲခြားဘဲ အမွေလက်ခံရရှိသူမှာသာ ရှိပါသည်။

သို့ရာတွင် ဥပဒေအရ အဆိုပါမြေ၏ တရားဝင်ပိုင်ဆိုင်ခွင့်ရှိသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်တွင် အမည်ပါရှိသောသူ၊ စာရင်းဖော်ပြပါအချက်များနှင့်ကိုက်ညီမှု အရှိဆုံး အမျိုးသားအိမ်ထောင်ဦးစီးများဟု ဖော်ပြထားပြီး ရိုးရာဓလေ့ဆိုင်ရာ စနစ်အရ အကျုံးဝင်ခြင်းထက် ထိုသူတို့၏အမျိုးသမီးများ အမွေရရှိထားသည့် မြေယာများအပေါ် ထိန်းချုပ်ခွင့် ပိုပေးနေခြင်းတို့ တွေ့ရပါသည်။

မြေယာပိုင်ဆိုင်ခွင့်တရားဝင်ဖြစ်ရေး လုပ်ဆောင်သောလုပ်ငန်းစဉ်များအရ အဆိုပါအမျိုးသားများ အခွင့်ထူး ခံစားနေရခြင်းသည် အမျိုးသမီးများ အိမ်ထောင်ကွဲသောအချိန်၊ တရားမဝင် ခွဲနေရချိန် (သို့မဟုတ်) အမျိုးသား ဆုံးပါးသွားသောအချိန်တွင် အလွန်ထိခိုက်ခံစားလွယ်သောသူ ဖြစ်စေခဲ့သည်။ အိမ်ထောင်ကွဲခြင်း (သို့မဟုတ်) ခွဲခွါနေရသော အချိန်တွင် မြေယာပိုင်ဆိုင်ခွင့် အမွေကို အဆိုပါ လင်၊မယားနှစ်ဦး ခွဲဝေခြင်း (သို့မဟုတ်) သား/သမီးများအား ပြုစုစောင့်ရှောက်သော မိဘအား လွှဲပြောင်းပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ အကယ်၍ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ကွဲကွာခြင်းဖြစ်ပါက ဖောက်ပြန်သောသူအား ဓလေ့ထုံးတမ်းအရ အပြစ်ပေးသည့်အနေဖြင့် မြေယာများအား ခွဲဝေပေးခြင်းမပြုပေ။ သို့ရာတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်အား စတင် ကျင့်သုံးသည့်ကာလမှစ၍ အမျိုးသားများ ယင်းပြစ်ဒဏ်အား ခံရခြေ နည်းပါးသွားခဲ့ပြီဖြစ်သည်။

“တကယ်လို့ အမျိုးသားက အိမ်ထောင်ဖောက်ပြန်တယ်ဆိုရင် လက်ခံကြတယ်။ ဒါပေမယ့် အမျိုးသမီး ဖောက်ပြန်ခဲ့ရင် အားလုံး ဆုံးရှုံးနစ်နာ ခံရမယ်။” လို့ ငြိမ်းမော်ကျေးရွာက အမျိုးသမီးတစ်ဦးက သုတေသနပြုလုပ်သူကို ပြောကြားပေးသွားပါတယ်။

အမျိုးသမီးများသည် မုဆိုးမဖြစ်ပါက မိမိတို့၏မြေယာကိုဆက်လက်ပိုင်ဆိုင်ခွင့်ရရှိရန် အခက်အခဲ၊ အကျပ်အတည်းများစွာ ရင်ဆိုင်ရလေ့ရှိသည်။ အကယ်၍ သူမ၏အမည်သည် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်တွင် မပါရှိပါက၊ အမှုရင်ဆိုင်နေရသကဲ့သို့၊ ရှုပ်ထွေးပြီး ငွေကုန်ကြေးကျများသော ရပ်ရွာအုပ်ချုပ်ရေးမှူးများနှင့် တရားရုံးများတွင် လုပ်ငန်းစဉ်အဆင့်ပေါင်းများစွာ ဖြတ်သန်းပြီး တရားဝင်ပိုင်ဆိုင်ခွင့်ရရှိရေးအတွက် လုပ်ဆောင်ရမည် ဖြစ်သည်။
အဆိုပါမူဝါဒအကျဉ်းချုပ်အရ အမျိုးသမီးများမြေယာပိုင်ဆိုင်ရေးအတွက် ၎င်းအဟန့်အတားများသည် လူမှုဖူလုံရေး၊ ဆွေမျိုးအသိုင်းအဝန်းများနှင့် အိမ်နီးချင်းများအား ယုံကြည်စိတ်ချစွာ မှီခိုအားထားရန် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေခဲ့ပြီး အမျိုးသမီးများနှင့် ကလေးများအား အိမ်တွင်း နိုင်ထက်စီးနှင်းမှုပြုလုပ်ခံရမည့် စိုးရိမ်စရာ တစ်ခုလည်းဖြစ်ပါသည်။

အဆိုပါ ကျား၊မရေးရာ ထိရှလွယ်မှုများ လျော့ချရန် Trócaire နှင့် မြေယာမဏ္ဍိုင်အဖွဲ့က မြေယာပိုင်ဆိုင်မှုကို ဒေသတွင်း ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ တရားဝင်ပြုလုပ်ရေး လုပ်ငန်းများဆောင်ရွက်မည့် နည်းလမ်းများ ဖော်ထုတ်ရန် နောက်ထပ် သုတေသနများလုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြောကြားသွားပါသည်။