သတင်းများ

မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီရန်အတွက် ရန်ပုံငွေ ထပ်မံ ချမှတ်လိုက်ကြောင်း LIFT မှ ကြေညာလိုက်ပါသည်။

မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီရန်အတွက် ရန်ပုံငွေ ထပ်မံ ချမှတ်လိုက်ကြောင်း LIFT မှ ကြေညာလိုက်ပါသည်။

အသက်မွေးဝမ်ကျောင်းမှုနှင့်စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT) သည် မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်တားဆီးရေး နှင့် အရေးပေါ်ပံ့ပိုးဆောင်ရွက်မှုလုပ်ငန်းများအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၅.၈ သန်းကို ချမှတ်လိုက်ကြောင်း ကြေညာလိုက်ပါသည်။ ရန်ပုံငွေဖြင့် မြန်မာနိုင်ငံရှိ ခန့်မှန်းချေ ပြည်သူ ၅.၉သန်းကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး COVID-19 ကပ်ရောဂါကြောင့် ကြုံတွေ့ရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ရန်အတွက် အရေးပေါ်ပြင်ဆင်မှုများ လုပ်ဆောင်ရာတွင် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

LIFT ၏ ပံ့ပိုးမှုများကို မိတ်ဖက်အဖွဲ့အစည်းများ၏  COVID19 အတွက် ရှေ့တန်းမှဆောင်ရွက်နေမှုများမှတဆင့် ပေးအပ်သွားမည်ဖြစ်ပါသည်။ ထိခိုက်လွယ်ဆုံးပြည်သူများဖြစ်သည့် ရွှေ့ပြောင်းလုပ်သားများ၊ သက်ကြီး ပုဂ္ဂိုလ်များ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူများ၊ ကိုယ်ဝန်ဆောင်များ နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်ရှိသော မိခင်များကို အဓိက ထောက်ပံ့ပေးမည်ဖြစ်ပါသည်။ LIFT ၏ အလှူရှင်များမှာ ယူနိုက်တက်ကင်းဒမ်းမ်၊ ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် အိုင်ယာလန်တို့ဖြစ်ပါသည်။

“COVID-19 ကပ်ရောဂါက မြန်မာနိုင်ငံနဲ့ပြည်သူတွေအတွက် လက်ရှိမှာရော ခန့်မှန်းလို့ရတဲ့ အနာဂတ်ကာလတခုအထိပါ စိန်ခေါ်မှုတခုပါပဲ။ ကာကွယ်တားဆီးဖို့နဲ့ အရေးပေါ်ဆောင်ရွက်ဖို့အတွက် ရပ်ရွာလူထုတွေထဲက ထိခိုက်လွယ်ဆုံးသူတွေကို ရှာဖွေပံ့ပိုးပေးရပါမယ်။ ဒီလိုလုပ်ဆောင်မှုတွေနဲ့ နိုင်ငံကို အားပေးကူညီပေးရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့အတူ အခုလို မြန်မာနိုင်ငံရဲ့ အရေးကြီးလှတဲ့ အချိန်အခါတခုမှာ အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးနဲ့အတူ လက်တွဲပြီး ကာကွယ်တားဆီးရေး၊ အရေးပေါ် ပံ့ပိုးဆောင်ရွက်ရေး နှင့် ကြံ့ကြံ့ခံတွန်းလှန်နိုင်ရေးအတွက် အထောက်အပံ့ပေးခွင့် ရတဲ့အပေါ်မှာ LIFT အနေနဲ့ အလွန်ဝမ်းမြောက် ဂုဏ်ယူရပါတယ်”။ ဟု LIFT ရန်ပုံငွေ ညွှန်ကြားရေးမှူး ကေတီဝက်ဘ်လေက ပြောကြားလိုက်ပါသည်။

LIFT ရန်ပုံငွေဘုတ်အဖွဲ့သည် LIFT ၏ COVID-19 အရေးပေါ်ဆောင်မှုများအတွက် ရန်ပုံငွေထပ်မံချထားပေးမှုကို အင်တာနက်အသုံးပြု တယ်လီကွန်းဖရင့် အစည်းအဝေးတွင် အတည်ပြုပေးခဲ့ပါသည်။ ရန်ပုံငွေကို အောက်ပါ အစီအစဉ်များအတွက် အသုံးပြုမည် ဖြစ်ပါသည်။

၁) ရွှေ့ပြောင်းလုပ်သားများ

၂) လူမှုကာကွယ်စောင့်ရှောက်ရေး

၃) အရပ်ဘက်လူမှုအဖွဲ့အစည်း၏ ဆောင်ရွက်မှု

၄) ရခိုင်ပြည်နယ်

၅) ဆက်သွယ်ပြန်ကြားရေး

၁။ ရွှေ့ပြောင်းလုပ်သားများ။ ဗိုင်းရပ်စ်ပြန့်နှံမှုကို ကာကွယ်တားဆီးခြင်း၊ စီးပွားရေး နှင့် ဥပဒေရေးရာ အထောက်အပံ့ – ကန်ဒေါ်လာ ၂.၉ သန်း

မြို့ပြဒေသများမှ ပြည်တွင်းရွှေ့ပြောင်းလုပ်သားများအတွက် လက်ငင်း အထောက်အပံ့ပေးခြင်း

ဘတ်ဂျက်။ ကန်ဒေါ်လာ ၁.၇သန်း

အကျိုးခံစားခွင့်ရရှိသူဦးရေ  ။ ၃၁ဝ,ဝဝဝ

မိတ်ဖက်အဖွဲ့အစည်းများ။ CARE/Business Kind Myanmar၊ Women’s Organizations Network of Myanmar၊ People in Need၊ Action Aid၊ Save the Children.
ပြည်တော်ပြန် ရွှေ့ပြောင်းလုပ်သားများကို လက်ငင်းအထောက်အပံ့ပေးခြင်း

ဘတ်ဂျက်။ ကန်ဒေါ်လာ ၁.၂သန်း

အကျိုးခံစားခွင့်ရရှိသူဦးရေ။ ၁၁ဝ,ဝဝဝ

မိတ်ဖက်အဖွဲ့အစည်းများ။ International Organisation for Migration၊  International Labour Organization၊ The Border Consortium
စီမံကိန်းသည်

  •     ထိခိုက်လွယ် ရွှေ့ပြောင်းနေထိုင်သူများ၊ ၎င်းတို့၏ မိသားစု နှင့် ရပ်ရွာများအတွင်း COVID-19 ပြန့်နှံ့မှုကို ကာကွယ်တားဆီးရန် လုပ်ဆောင်မည်ဖြစ်ပါသည်။
  •     COVID-19 ကြောင့် အမျိုးသမီးနှင့် အမျိုးသား ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏ မိသားစုများ ရင်ဆိုင်ရသည့် အသက်မွေးဝမ်းကျောင်းမှု ဆုံးရှုံးသွားခြင်း ကဲ့သို့သော လူမှုစီးပွားဆိုင်ရာ အကျိုးဆက် များမှ ပြည်လည်ရပ်တည်နိုင်ရန် လုပ်ဆောင်မည်ဖြစ်ပါသည်။
  •     COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း အမျိုးသမီး နှင့် အမျိုးသားများ၏ အခွင့်အရေးများနှင့် ဂုဏ်သိက္ခာများကို ကာကွယ်စောင့်ရှောက်မည် ဖြစ်ပါသည်။

 

၂။ လူမှုကာကွယ်စောင့်ရှောက်ရေး။ မိခင်များနှင့် ပင်စင်ရရှိသူများကို သုံးဆ ထောက်ပံ့မှုပေးခြင်း – အမေရိကန်ဒေါ်လာ ၉သန်း
မိခင်များကို ပံ့ပိုးခြင်း

ဘတ်ဂျက်။ ကန်ဒေါ်လာ ၄.၉၃ သန်း

အကျိုးခံစားခွင့်ရရှိသူဦးရေ။ စုစုပေါင်း ၁,ဝ၈၉, ဝဝဝ (ပံ့ပိုးမှုတိုက်ရိုက်ရရှိသူ။ ၂၄၂,ဝဝဝ၊ တဆင့်ရရှိသူ။ ၈၄၇,ဝဝဝ

မိတ်ဖက်အဖွဲ့အစည်းများ။ Civil Health and Development Network (ကယားပြည်နယ်)နှင့် Karen Department of Health and Welfare (ကရင်ပြည်နယ်)တို့ နှင့်လက်တွဲပြီး  လူမှုဝန်ထမ်းဦးစီးဌာနမှမှ ဆောင်ရွက်မည်။

စီမံကိန်းသည် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ ကိုယ်ဝန်ဆောင်နှင့်  အသက်နှစ်နှစ်အောက်ကလေးငယ်ရှိသော မိခင်များကို (တပေါင်းတည်း) ငွေသား ထောက်ပံ့မှုအဖြစ် ငွေကျပ် ၃ဝ,ဝဝဝ ကို ပေးအပ်မည်ဖြစ်ပါသည်။ (၎င်းမှာ လက်ရှိ လစဉ်ထောက်ပံပေးနေသည့် ငွေကျပ် ၁၅,ဝဝဝ အပြင် ထပ်ဆောင်းပေးအပ်ခြင်း ဖြစ်ပါသည်)
သက်ကြီးပုဂ္ဂိုလ်များကို ပံ့ပိုးခြင်း

ဘတ်ဂျက်။ အမေရိကန်ဒေါ်လာ ၄.ဝ၇ သန်း

အကျိုးခံစားခွင့်ရရှိသူဦးရေ။ စုစုပေါင်း ၈ဝဝ, ဝဝဝ (ပံ့ပိုးမှုတိုက်ရိုက်ရရှိသူ။ ၂ဝဝ,ဝဝဝ၊ တဆင့်ရရှိသူ။ ၆ဝဝ,ဝဝဝ)

မိတ်ဖက်အဖွဲ့အစည်း။ HelpAge မှ နည်းပညာအကူအညီဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်မည်။

စီမံကိန်းသည် အသက် ၈၅နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များကို ငွေကျပ် ၃ဝ,ဝဝဝ တပေါင်းတစည်းတည်း ထပ်တိုး ပေးအပ်ခြင်းကို ဆောင်ရွက်မည်ဖြစ်သည်။ (၎င်းမှာ လက်ရှိ လစဉ်ထောက်ပံပေးနေသည့် ငွေကျပ် ၁၅,ဝဝဝ အပြင် ထပ်ဆောင်းပေးအပ်ခြင်း ဖြစ်ပါသည်)

သက်ကြီးပုဂ္ဂိုလ်များနှင့် အမျိုးသမီးများအား ငွေကျပ် ၃ဝ,ဝဝဝ တပေါင်းတည်း ငွေသားထောက်ပံ့ပေးခြင်းကို လုပ်ဆောင်မည်ဖြစ်ပါသည်။ အကျိုးခံစားခွင့်ရရှိသူများမှာ ဆောင်ရွက်နေဆဲ စီမံချက်များဖြစ်သည့် ကိုယ်ဝန်ဆောင်နှင့် ၎င်းတို့မှ မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များကို ငွေကြေးထောက်ပံ့ပေးခြင်း စီမံချက်နှင့် လူမှုရေးပင်စင် ပေးခြင်း စီမံချက်များမှ ခံစားခွင့်ရှိသူများဖြစ်ပါသည်။ အကျိုးခံစားခွင့်ရရှိသူများသည် ငွေသားထောက်ပံ့မှုအပြင် ၎င်းတို့၏ မိသားစုများနှင့် ရပ်ရွာလူထုများအတွင်း ဗိုင်းရပ်စ်ပိုး ပြန့်နှံ့မှုကို လျှော့ချခြင်းနှင့် ကာကွယ်တားဆီးခြင်းဆိုင်ရာ အသိပညာပေးခြင်းများကိုလည်း ရရှိမည်ဖြစ်ပါသည်။

ဤစီမံကိန်းသည်

  •     ကိုယ်ဝန်ဆောင် နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်ရှိသည့် မိခင်များကဲ့သို့သော ထိခိုက်လွယ်ပြည်သူများ၊ ၎င်းတို့၏ မိသားစုများ၊  ရခိုင်၊ ချင်း၊ ကယား၊ ကရင် နှင့် နာဂဒေသများကဲ့သို့သော ပဋိပက္ခဒဏ်ခံစားရသည့် ဒေသများရှိ ထိခိုက်လွယ်ဆုံးသော ရပ်ရွာလုထုများအတွင်း COVID-19 ပြန့်နှံမှုကို ကာကွယ်တားဆီးမည် ဖြစ်ပါသည်။
  •     နိုင်ငံတဝန်းရှိ အသက်၈၅နှစ်နှင့်အထက်ရှိသော ထိခိုက်လွယ် သက်ကြီးပုဂ္ဂိုလ်များနှင့် ၎င်းတို့၏ မိသားစုများအတွင်း COVID-19 ပြန့်နှံ့မှုကို ကာကွယ်တားဆီးရန် လုပ်ဆောင်မည် ဖြစ်ပါသည်။
  •     ထိခိုက်လွယ်ပြည်သူများအနေဖြင့် COVID-19 အကျပ်အတည်းကြောင့် ဆိုးရွားစွာ ကြုံတွေ့ရမှုများကို ကျော်လွှားနိုင်ရန်အတွက် လက်ရှိပေးအပ်နေသော လူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများမှတဆင့် ဝင်ငွေနှင့် အာဟာရဖူလုံမှု  ရရှိကာ ရပ်တည်နေထိုင်နိုင်စေမည် ဖြစ်ပါသည်။
  •     အရေးပေါ်အခြေအနေများတွင် ထိခိုက်လွယ်ဆုံးပြည်သူများကို လူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည့် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုအားကောင်းစေမည်ဖြစ်ပါသည်။

 

၃။ အရပ်ဘက်လူမှုအဖွဲ့အစည်း။ အစိုးရ၏ ဆောင်ရွက်မှုများတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အထောက်အကူပြုလုပ်ဆောင်ခြင်း – အမေရိကန်ဒေါ်လာ ၁.၅သန်း

အကျိုးခံစားခွင့်ရရှိသူဦးရေ။ ၁.၅သန်း

မိတ်ဖက်အဖွဲ့အစည်းများ။ Karuna Mission Social Solidarity (KMSS)၊ Metta၊  Land Core Group (LCG)၊ Network Activities Group (NAG)၊ နှင့် Gender Equality Network (GEN)
မြန်မာနိုင်ငံတဝှမ်းလုံးရှိ ပြည်နယ်နှင့်တိုင်းများအားလုံးတွင် ဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူလူထုများစွာကို ပါဝင်နိုင်စေမည်ဖြစ်ပါသည်။ LIFT ၏ မဟာဗျူဟာမိတ်ဖက်များသည် ဆောင်ရွက်ဆဲစီမံချက်များဖြင့် တဖွဲ့ချင်းသော်လည်းကောင်း၊ ပူးပေါင်း၍သော်လည်းကောင်း  ရပ်ရွာလူထုများကို ပံ့ပိုးဆောင်ရွက်လျက်ရှိ ပါသည်။ LIFT မှ ထပ်မံရရှိသောရန်ပုံငွေဖြင့် COVID-19 ကပ်ရောဂါ ကာကွယ်တားဆီးရေး၊ စီမံခန့်ခွဲမှု နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ပါသည်။
စီမံကိန်းဖြင့်

  •     COVID-19 နှင့် ပတ်သက်သော အချက်အလက်များကို ပိုမိုရရှိပြီး  ကာကွယ်တားဆီးရေးကို ထိထိရောက်ရောက် အသိပညာပေးမြှင့်တင်ကာ ပံ့ပိုးဆောင်ရွက်ရန်
  •     အရပ်ဘက်အဖွဲ့အစည်းများ၏ ဒေသတွင်း အရင်းအမြစ်များကို စုစည်းပြီး ရပ်ရွာလူထုကို ထိထိရောက်ရောက်ပံ့ပိုးရန်
  •     ရှေ့တန်းရှိ အရေးပေါ်ဆောင်ရွက်မှုများတွင် ဝန်ဆောင်မှုပေးအပ်နေသူများ၊ ခေါင်းဆောင်များ နှင့် ယုံကြည်မှုတည်ဆောက်ရန် ၊ ဆက်ဆံရေးကောင်းများ ဖြစ်ထွန်းရန် ရည်ရွယ်ပါသည်။

 

၄။ ရခိုင်။ ယာယီစခန်းများတွေနေထိုင်နေရသူများအတွက် ရေနှင့်တကိုယ်ရေသန့်ရှင်းရေးပစ္စည်းများ ရရှိစေရန် ဆောင်ရွက်ခြင်း – အမေရိကန်ဒေါ်လာ ၂,၂၆၈,ဝဝဝ
ကျေးရွာများနှင့်ယာယီစခန်းများတွင် COVID-19 အရေးပေါ်ပံ့ပိုးဆောင်ရွက်မှု

ဘတ်ဂျက်။ ကန်ဒေါ်လာ ၂၆၈,ဝဝဝ

အကျိုးခံစားခွင့်ရရှိသူအရေအတွက်။ ၃၁,ဝဝဝ

မိတ်ဖက်အဖွဲ့အစည်း။ International Rescue Committee

စီမံကိန်းသည်

  •     မြေပုံနှင့် မင်းပြားမြို့နယ်များရှိ အခြေခံဝန်ဆောင်မှုများကို မရရှိကြသော ပြည်သူများနှင့် ကျေးရွာများ  ၊ယာယီစခန်းများရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူများအတွက် ရေနှင့်တကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများ လက်လှမ်းမီရရှိစေရန်ဆောင်ရွက်မည် ဖြစ်ပါသည်။
  •     ရခိုင်ပြည်နယ်ရှိ ထိခိုက်လွယ်ပြီး ဝမ်းစာမဖူလုံသောသူများအား COVID-19 ပြန့်နှံ့မှုကို ကြံ့ကြံ့ခံတွန်းလှန်းနိုင်စေရန်အတွက် အသိပညာပေးမြှင့်တင်မှုများ၊ မရှိမဖြစ်လိုအပ်သော ပစ္စည်းများ ပံ့ပိုးခြင်း နှင့် အခြေခံလိုအပ်ချက်နှင့်ဝန်ဆောင်မှုများကို ဆက်လက် ရရှိနိုင်စေရန် တို့ကို ဆောင်ရွက်မည်ဖြစ်ပါသည်။

 

ရခိုင်ပြည်နယ်အတွက် အသေးစားရန်ပုံငွေအထောက်အပံ့များ

ဘတ်ဂျက်။ ကန်ဒေါ်လာ ၂သန်း

အကျိုးခံစားခွင့်ရှိသူ ဦးရေ။ အတည်ပြုရန်လိုအပ်နေသေးသည်

မိတ်ဖက်အဖွဲ့အစည်း။ မေတ္တာ

စီမံကိန်းဖြင့်

  •     ပြည်သူများမှ COVID-19 ၏ နောက်ဆက်တွဲအကျိုးဆက်များမှ ကာကွယ်တားဆီးခြင်းနှင့် ပြည်လည်ထူထောင်ခြင်းတို့ ဆောင်ရွက်ရာတွင် အထောက်အကူပေးနေသည့် အရပ်ဘက်လူမှု အဖွဲ့အစည်းများကို ပံ့ပိုးရန်
  •     ရခိုင်ပြည်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်  ရည်ရွယ်ပါသည်။

 

ထိုဆောင်ရွက်မှုများအပြင် ရခိုင်ပြည်နယ်ရှိ LIFT ၏ မိတ်ဖက်အဖွဲ့များသည် ရှိရင်းစွဲ အရင်းမြစ်များဖြင့် COVID-19 ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကာ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ပြီး ရပ်ရွာလူထုများနှင့် ကွင်းဆင်းဝန်ထမ်းများအား မလိုလားအပ်သော အန္တရာယ်များနှင့် မကြုံတွေ့စေရန် သတိပြု ဆောင်ရွက်မည်ဖြစ်ပါသည်။ စီမံချက်ဝန်ထမ်းများနှင့် စီမံချက်အကျိုးခံစားခွင့်ရှိသူများအတွက် အကာအကွယ်  ပစ္စည်းများကို အထောက်အပံ့ပေးမည်ဖြစ်ကာ ရခိုင်ပြည်နယ်ရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကိုလည်း ပံ့ပိုးဆောင်ရွက်မည်ဖြစ်ပါသည်။ LIFT သည် စီမံချက်လုပ်ငန်းနှင့်ပတ်သက်သော အခက်အခဲများကို လိုက်လျောညီထွေဖြစ်စေရန် လုပ်ဆောင်ထားပြီး ပေါက်တောမြို့နယ်ရှိ ယာယီစခန်းများမှ အာဟာရ အလွန်ချို့တဲ့သော ကလေးသူငယ်များအတွက်လည်း ကုသနိုင်မည့် အာဟာရဖွံဖြိုးရေးလုပ်ငန်းများ နှင့် ပေါက်တောမြို့နယ် ကျေးရွာများရှိ ကျန်းမာရေးဌာနများသို့ ၎င်းကလေးသူငယ်များကို ညွှန်းပို့လွှဲပြောင်း ပေးခြင်း များကို ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ပါသည်။
၅။ ဆက်သွယ်ပြန်ကြားရေး။ ရုပ်မြင်သံကြားနှင့်ပုံနှိပ်ထုတ်ဝေမှု နှင့် လူမှုကွန်ယက် မီဒီယာများမှတဆင့် အချက်အလက်များပေးအပ်ခြင်း – အမေရိကန်ဒေါ်လာ ၁၂ဝ,ဝဝဝ

အကျိုးခံစားခွင့်ရရှိသူများ။ ကြည့်ရှုသူ ၁.၅ သန်းမှ ၂သန်းထိ

မိတ်ဖက်အဖွဲ့အစည်း။ BBC Media Action

စီမံကိန်းသည် BBC Media Action မှ ဆောင်ရွက်သည့် ရေကြည်ရာ ရေဒီယိုအစီအစဉ် နှင့် ဒစ်ဂျစ်တယ်

ထုတ်ဝေမှုများမှတဆင့် –

  •     COVID-19 နှင့် ပတ်သက်သော အသိပညာပေးမြှင့်တင်မှုများ၊ အမူအကျင့်ပြောင်းလဲစေရေး အချက်အလက်များနှင့် ဆောင်ရွက်မှုများကို လုပ်ဆောင်မည်ဖြစ်ပါသည်။
  •     ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏မိသားစုများအား ရွှေ့ပြောင်းသွားလာခြင်းနှင့်ဆိုင်သော ကိစ္စရပ်များ နှင့် ငွေကြေးစီမံခန့်ခွဲမှု နှင့် ပတ်သက်၍ ပံ့ပိုးကူညီပေးမည်ဖြစ်ပါသည်။
  •     အလုပ်သမားများနှင့် ရွှေ့ပြောင်းလုပ်သားများကို ကာယဉာဏ ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် အချက်အလက်များ ပေးအပ်မည်ဖြစ်ပါသည်။

ထပ်မံသိလိုသည်များအတွက် ဆက်သွယ်ရန်

Emilia Hinkkanen
LIFT Communications Specialist
Tel: (+95) 9750 138 489
Hsu Mon Aung
LIFT Communications Analyst
Tel: (+95) 944 800 7372